ချစ်စရာကောင်းပြီး အပြစ်ကင်းစင်တဲ့ ကလေးငယ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ခိုင်​နှင်း​ဝေ

Cele News

လိုအပ်​တဲ့​နေရာ​တွေမှာ အ​ရှေ့ဆုံးက​နေ ရပ်​တည်​ကူညီပြီး အများ​ကောင်းကျိုးကို ကြည့်​တတ်​လွန်းလို့ ပရိသတ်​တွေက ပရဟိတ မင်းသမီးကြီးလို့​တောင်​တင်​စား​ခေါ်​ဝေါ်ကြတဲ့ ခိုင်နှင်းဝေကတော့ မွန်မြတ်တဲ့စိတ်ထားကို ပိုင်ဆိုင်ထားသူတစ်ဉီးပါ။ လတ်တလောမှာတော့ ခိုင်​နှင်း​ဝေက​တော့ လတ်တလောမှာ အနာဂါတ်ရဲ့ရင်သွေးငယ်လေးတွေနဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ပရဟိတဝါသနာပါပြီး ကလေးချစ်တတ်တဲ့ ခိုင်နှင်းဝေကတော့ တကယ့်ကို လေးစားစရာ အမျိုးသမီးပါပဲနော်။

ချစ်​ပရိသတ်​တွေအတွက်​ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်တဲ့ ကလေးငယ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ခိုင်​နှင်း​ဝေရဲ့အ​ကြောင်းကို​ဖော်​ပြ​ပေးလိုက်​ပါတယ်​နော်​။

ခိုင်​နှင်း​ဝေက​တော့ ” ကလေးတွေကြားထဲဆို ပျော်နေတတ်တဲ့ကျမ.. ကလေးတွေကချစ်သော ကလေးများကိုချစ်သောကျမ.. မြို့နဲ့ဝေးတဲ့ကျောင်း ဖြစ်ပေမဲ့ လိမ္မာယဉ်ကျေး ပြီး လူတော်လူကောင်းလေးတြွေဖစ်ကြသော..ပညာသင်တဲ့အပြင် ဘာသာရေးမှာ ပါထူးချွန်ကြတဲ့ အ.ထ.က (၄) နေပြည်တော် ကျောင်းမှ ပရိတ်ကြီး ၁၁ သုတ် ပထမဆုရတဲ့ကလေးများကို ပရဟိတစိတ်တွေနိုးကြားအောင် ပို၍ တော်သော ကလေးများ ဖြစ်အောင် အားပေးစကားတွေနဲ့ စကားတွေအများကြီးပြောခဲ့ပါတယ်ရှင်.. ” ဆိုပြီး ချစ်စရာကောင်းတဲ့ ကလေးတွေနဲ့ တွေ့ဆုံခဲ့တဲ့ ပုံရိပ်တွေကို သူမရဲ့ လူမှုကွန်​ယက်​မှာ ဝေမျှပေးထားတာပါ။

အမြဲအေးချမ်းနေတဲ့ ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ လက်ရှိမှာ အနုပညာအလုပ်တွေလုပ်ရင်း မွန်​မြတ်​တဲ့​မေတ္တာတရား​တွေနဲ့ ခိုင်​နှင်း​ဝေ ပရဟိတလူငယ်​များအသင်း”ကို တည်​ထောင်​ထားတာပဲ ဖြစ်​ပါတယ်​။ ချစ်​ပရိသတ်​တွေ​လည်း​ ဘယ်အချိန်ကြည့်ကြည့် ပျော်ပျော်ရွှင်ရွှင်တွေ့ရတဲ့ ခိုင်​နှင်း​ဝေလေးကိုချစ်ရင်​Share သွားခဲ့ကြပါဦး​နော်​။