အသက် ၆၀ ပြည့်သွားခဲ့ပြီဖြစ်တဲ့ ကျော်သူ

Cele News

နာရေးကူညီမှုအသင်း(ရန်ကုန်)၊ ဦးဆောင် ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူ အသက်(၆၀)နှစ်ပြည့် မွေးနေ့ ကျင်းပပြုလုပ်ခဲ့ပါသည်။

နိုဝင်ဘာလ ၂ ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဦးဆောင် ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်သူ၏ အသက်(၆၀)နှစ်ပြည့်မွေးနေ့ပွဲ အား ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

မွေးနေ့အထိမ်းအဖြစ် ဦးကျော်သူမှ နန်းကြီးသုပ်နှင့် မြှီးရှည်တို့အား အာဟာရဒါန ကျွေးမွေးခဲ့ပြီး အသင်းသူ/သားများ၊ ဝန်ထမ်းများနှင့်အတူ ပျော်ရွင်စွာဖြင့် မွေးနေ့ကိတ် ခွဲခဲ့ကြသည်။

Photo – နာရေးကူညီမှုအသင်း(ရန်ကုန်)
The Ladies News