Myanmar Idol ရဲ့Voting စနစ်က ယုံလို့မရဘူးလို့ ပြောလာတဲ့ ဆောင်းဝတ်ရည်မေ

Cele News

ဆောင်းဝတ်ရည်မေဟာ လက်ရှိ MRTV-4 ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “အချစ်ဆစ်ဂနယ်” မှာ FA တစ်ယောက်အနေနဲ့သရုပ်ဆောင်နေတာဖြစ်ပြီး ရိုက်ကူးရေးအတွက် အလုပ်ရှုပ်နေတာဖြစ်ပါတယ်။ ပရိသတ်ရဲ့ရင်ထဲကို အချိန်တိုတိုနဲ့ထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့တဲ့ ဆောင်းဝတ်ရည်မေကတော့ ဇာတ်လမ်းတွဲပေါင်းများစွာ ရိုက်ကူးထားပြီးဖြစ်ပါတယ်။

အဲဒီထဲမှာမှ ပရိသတ်ရင်ကိုလှုပ်ခါနိုင်စေခဲ့တာကတော့ “ချစ်ခြင်းတရားတို့ရှိရာ”ရှိရာဇာတ်လမ်းတွဲထဲက “သက်သက်ဇော်”ဆိုတဲ့ ကာရိုက်တာအနေနဲ့ဖြစ်ပါတယ်။

လတ်တလောပရိသတ်တွေကြားမှာ ဟော့ဖြစ်နေတဲ့ သတင်းကတော့ မြန်မာအိုင်ဒေါလ် သီချင်းဆိုပြိုင်ပွဲကနေ အရည်ချင်းရှိတဲ့ပြိုင်ပွဲဝင်တစ်ယောက် ဖြစ်တဲ့ တန်ခွန်ကျော် ပြုတ်သွားတဲ့ သတင်းပဲဖြစ်ပါတယ် ။

ခုလိုဖန်အင်အားတောင့်တင်းပြီး သီချင်းဆိုအရမ်းတော်တဲ့ တန်ခွန်ကျော်ကို ဖြုတ်ချလိုက်တာဟာ စီးပွားရေးသပ်သပ်သာဖြစ်ပြီး အဓိပ္ပါယ်မရှိဘူးဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်လာသလို တန်ခွန်ကျော်ရဲ့ဖန်တွေကလည်း မကျေမနပ်ဖြစ်နေခဲ့ကြတာပါ ။

သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းဝတ်ရည်မေကတော့ ” ဘာမှမယုံရပါဘူး Voting စနစ်တွေက… Voting အရေအတွက်တွေကိုလဲ ပွင့်လင်းစွာ ချပြတာလဲမရှိဘူး ။

သူတို့ပါးစပ်ထဲ , သူတို့လက်ထဲပဲ ရှိနေတာ မဲအများဆုံး/ အနည်းဆုံးဆိုတာ… ယုံကိုမယုံဘူး Public ချမပြတဲ့ Voting စနစ်ဆိုတာကြီးကို  အဲ့ဒါကြောင့် မဲကိုမပေးဘူး ချမပြတဲ့ Voting system ပြိုင်ပွဲတွေဆိုရင် ကိုယ့်အမြင်ကိုယ်ရေးသားခြင်းဖြစ်ပါတယ်နော် ဘယ်သူကိုမှ ထိခိုက်ပါစေ မရှိပါဘူး ” ဆိုတဲ့စာသားနဲ့အတူ သူမရဲ့အမြင်ကိုရေးသားခဲ့ပါတယ် ။

အရမ်းတော်တဲ့ ပြိုင်ပွဲဝင်တစ်ယောက်ပြုတ်သွားတဲ့အပေါ် အားလုံးက စိတ်မကောင်းဖြစ်နေခဲ့ကြတာပါ ။ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း မျှဝေပေးခဲ့ပါဦး ။