ဆေးရုံတက်နေတဲ့သူငယ်ချင်းကို မုန့်တွေအများကြီးဝယ်ပေးပြီး အားပေးခဲ့တဲ့ ဖွေးဖွေး

Cele News

ချစ်စရာကောင်းပြီး ရင့်ကျက်လွန်းတဲ့ မင်းသမီးချောလေး ဖွေးဖွေးက အနုပညာသက်တမ်း (၁၀) နှစ်ကျော်အတွင်း အကယ်ဒမီဆုကြီးတွေများစွာကို ရရှိပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ ရုပ်လေးချောသလို ကျရာဇာတ်ရုပ်ကို အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်တဲ့ ဖွေးဖွေးက အနုပညာလောကမှာ စိန်ပွင့်လေးတစ်ပွင့်လို့ တောက်ပသူလေး တစ်ယောက် ဖြစ်ပါတယ်။

ဖွေးဖွေးက ရုပ်ရှင်ဇာတ်ကားတွေရိုက်ရင်း တစ်ဖြည်းဖြည်း အသက်အရွယ်တစ်ခုကို ရောက်ရှိလာပြီ ဖြစ်ပေမယ့် အိမ်ထောင်မပြုသေးပဲ သူမချစ်တဲ့ မိသားစုတွေ၊ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့သာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ဆဲ ဖြစ်ပါတယ်။ဒီတစ်ခေါက်မှာလည်း ဖွေးဖွေးက သူမရဲ့ အချစ်ဆုံးသူငယ်ချင်း စာရေးဆရာမ မာရင်ရင် မီးဖွားတော့မှာဖြစ်တဲ့အတွက် မုန့်တွေအများကြီးဝယ်ပြီး ဆေးရုံကို သတင်းသွားမေးခဲ့တာ ဖြစ်ပါတယ်။

ဖွေးဖွေးက သူမရဲ့ အချစ်ဆုံးသူငယ်ချင်းလေး ကလေးလေးမွေးတော့မှာဖြစ်တဲ့အတွက် တူလေးတစ်ယောက်ရသလိုကို အရမ်းဝမ်းသာပြီး ရင်ခုန်နေတာ ဖြစ်ပါတယ်။ဖွေးဖွေးကတော့ သူငယ်ချင်းရဲ့ ကလေးလေးအတွက် တော်တော်လေး ရင်ခုန်နေပုံပဲနော်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ဖွေးဖွေးတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ မြင်ကွင်းလေးကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

crd MoMoLay