အရပ်ပုတဲ့ ကောင်မလေးတွေကို ယောက်ျားလေးအများစု ကြွေမိတတ်ကြတဲ့ အကြောင်းအရာများ

Cele News

ကောင်လေးတော်တော်များများက အရပ်ရှည်တဲ့ ကောင်မလေးတွေထက် အရပ်ပုတဲ့ ကောင်မလေးတွေကို ပိုကြိုက်ကြတာ များပါတယ်။ အရပ်ပုတဲ့ ကောင်မလေးတွေကို ဘာလို့ပိုကြိုက်ကြတာလဲဆိုတာ သူုတို့ရဲ့ အကြောင်းပြချက်တွေကို ရှာကြည့်လိုက်တဲ့အခါမှာတော့ ဒါတွေကြောင့်ပါတဲ့နော်။

(1) စိတ်ဆိုးနေရင်တောင် ချစ်စရာကောင်းတယ်။
အလဲ့ စိတ်ဆိုးနေတဲ့ အချိန်တောင် ချစ်စရာကောင်းတယ်ဆိုပဲ။ သူတို့လေးတွေ စိတ်ဆိုးနေတဲ့ ပုံစံက ကလေးလေးတစ်ယောက်လိုကို ချစ်စရာကောင်းနေတတ်ပါတယ်။ သူတို့ချစ်သူက သူတို့ကို စနောက်မိတဲ့အခါ ဆွေ့ဆွေ့ခုန်အောင် စိတ်ဆိုးတတ်ကြပြီး အဲဒီ့ပုံစံလေးက သူတို့ရဲ့ ချစ်သူတွေကို ပိုရင်ခုန်စေနိုင်ပါတယ်။ ကလေးမဟုတ်၊ လူကြီးမကျတဲ့ ပုံစံလေးနဲ့ တစ်မျိုးချစ်ဖို့ကောင်းတဲ့ သူတို့လေးတွေကို ယောက်ျားလေးတွေက အသည်းစွဲဖြစ်နေတတ်ကြတာပါတဲ့။

(2) သူတို့လေးတွေနဲ့ဆို ယောက်ျားပိုပီသတယ်လို့ ခံစားရတယ်။
ယောက်ျားလေးတွေရဲ့ ပင်ကိုယ်သဘာဝက ကာကွယ်ပေးချင်တာ၊ သူတို့ကို ယောက်ျားပီသတယ်လို့ မြင်စေချင်တာ၊ အားကိုးစေချင်တာ စတာတွေဖြစ်ပါတယ်။ အရပ်ပုတဲ့ကောင်မလေးတွေနဲ့ ချစ်သူဖြစ်မိတဲ့အခါမှာ သူတို့ထက် အရပ်ပိုရှည်ပြီး ပိုကာကွယ်ပေးနိုင်စွမ်း ရှိသလိုမျိုး ခံစားရစေပါတယ်။ အရပ်ပုတဲ့ ကောင်မလေးတွေက နည်းနည်းလေးမြင့်တဲ့ အရာတွေဆို မမှီမကမ်း ဖြစ်တတ်တာကို ကူညီပေးရတဲ့အခါမျိုးတွေဆို ပိုသဘောကျတတ်ကြလို့ အရပ်ပုတဲ့ ကောင်မလေးတွေကို ပိုချစ်တတ်ကြပါတယ်တဲ့။

(3) သူ့ရဲ့ T-shirt ပွပွကြီးတွေ ယူဝတ်ထားတဲ့ပုံစံကို ကြိုက်လို့။
အရပ်ပုပု၊ သေးသေးကွေးကွေး ကောင်မလေးတွေက သူတို့ကောင်လေးတွေရဲ့ အကျီ င်္တွေကို ယူဝတ်တဲ့အချိန်က အရမ်းကို ဆွဲဆောင်မှုရှိပြီး မိုက်ပါတယ်။ ချစ်သူကောင်လေးရဲ့ T-shirt အကျီ င်္တွေကို သူတို့ဝတ်လိုက်တဲ့အခါမှာ ပွပွရွရွကြီးနဲ့ ပုံစံလေးက တကယ့်ကို အသည်းယား ချစ်ဖို့ကောင်းလွန်းတဲ့ အတွက်ကြောင့်ပါတဲ့နော်။

(4) ဒေါက်မြင့်ဖိနပ်စီးတဲ့အချိန်က အလှဆုံးဖြစ်နေလို့။
အရပ်ပုတဲ့ ကောင်မလေးတွေနဲ့ ဒေါက်မြင့်ဖိနပ်ဆိုတာ ခွဲထားလို့မရတဲ့အရာပါ။ အရပ်ပုတယ်လို့ အပြောမခံချင်ကြလို့ ဒေါက်မြင့်ဖိနပ်စီးတတ်ကြပါတယ်။ ဒေါက်မြင့်ဖိနပ်နဲ့ အရပ်ပုပုကောင်မလေးတွေဟာ တကယ့်ကို ချစ်စရာလေး ဖြစ်နေတတ်ပါတယ်။ ဒေါက်မြင့်ဖိနပ်လေး တဒေါက်ဒေါက်နဲ့ လမ်းလျှောက်တဲ့ ပုံစံလေးက တစ်မျိုးလေး ဆွဲဆောင်မှု ရှိပါတယ်နော်။ ဒါကြောင့်ပဲ ယောက်ျားလေးတွေက တမ်းတမ်းစွဲ ဖြစ်နေတတ်ကြတာပါ။

Credit Auntymay