Christmas အင်္ကျီလေးဆင်တူဝတ်ပြီး ဒီဇင်ဘာလကိုကြိုဆိုလိုက်တဲ့ ခေတ်နဲ့သစ်

Cele News

ပြည်သူချစ် အနုပညာရှင်များဖြစ်ကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေက သူတို့ရဲ့ အနုပညာလုပ်ငန်းတွေကြောင့်သာမက သူတို့ရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကြောင့်လည်း မျက်နှာပွင့်သူတွေ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေးတွေဖြစ်တဲ့ သမီးလေး မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ကလည်း တစ်နေ့တစ်ခြား ချစ်စရာကောင်းလာပြီး တီတီတာတာ အမူအယာ၊ အပြောအဆိုလေးတွေကြောင့် ပရိသတ်တွေက မချစ်ပဲနဲ့ကို မနေနိုင်ကြတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေး ခေတ်နဲ့သစ်ကို ချစ်စရာကောင်းတဲ့ ခရစ်စမတ်ဂါဝန်လေးတွေနဲ့ ကိုယ်စီ တွေ့မြင်ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ခေတ်နဲ့သစ်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ခေတ်နဲ့သစ်ကလည်း သူတို့ရဲ့ အရမ်းလှပတဲ့ ဂါဝန်လေးတွေကိုကြည့်ပြီး အရမ်းသဘောကျပြီး အသည်းယားနေတဲ့ ပုံပါပဲနော်။

ခေတ်နဲ့သစ်က အခုဆိုရင် နှစ်နှစ်ကျော်အရွယ်ကို ရောက်နေပြီဖြစ်ပြီး စကားတွေလည်း အများကြီးတတ်လာပြီး လူရည်လည်လာတာကြောင့် ဖေဖေ၊ မေမေတို့ခမျာ တစ်နေ့တစ်ခြား ချစ်မဝ ဖြစ်နေရတာ ဖြစ်ပါတယ်။ခေတ်လေးနဲ့ သစ်လေးကတော့ အေးချမ်းပြီး ပျော်ရွှင်စရာတွေပြည့်နှက်နေတဲ့ ဒီဇင်ဘာလလေးကို အခုလိုပဲ ကြိုဆိုခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ခေတ်နဲ့သစ်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။

crd MoMoLay